Tuesday, 15 November 2011

မုဒိတာ စီမံကိန်း(၂)တွင် အခန်းပေါင်း ၃၀၀ ထပ်မံ တိုးချဲ့သွားမည်

ထားထားခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၉ ( ၁၄ - ၂၀ ၊ ၁၀ ၊ ၂၀၁၁)
အင်းစိန်မြို့နယ်တွင် တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် မုဒိတာ တန်ဖိုး နည်း အိမ်ရာ စီမံကိန်း(၂)တွင် အခန်း ပေါင်း ၃၀၀ ကို ထပ်မံတိုးချဲ့ဆောင်ရွက် သွားရန်ရှိကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကို ထွေးက ပြောကြားသည်။
"မူလစီမံကိန်းမှာက အခန်းပေါင်း ၁,၅၀၀ ရှိပါတယ်၊ ဒါတွေအားလုံး ရောင်းချပြီးသွားပါပြီ၊ နောက်ထပ် အခန်း ၃၀၀ ထပ်ချဲ့ဖို့ စီစဉ်နေပါတယ်"ဟု ၎င်းကပြောသည်။
စီမံကိန်းဧရိယာအကျယ်မှာ မြေငါး ဧကရှိပြီး ထပ်မံတိုးချဲ့သော အခန်းများ မှာ ယခင်ဂိုဒေါင်များတည်ရှိခဲ့သော နေရာတွင် တည်ဆောက်မည်ဖြစ်ကာ မူလစီမံကိန်းနှင့် ပြိုင်တူတည်ဆောက် မည်ဖြစ်သည်။
ဘုရင့်နောင်လမ်းဆုံအနီးတွင် တည် ရှိသော မုဒိတာစီမံကိန်း(၂)တွင် ဓာတ် လှေကား၊ ရေ၊ မီးစနစ်၊ လမ်း၊ ရေနုတ်မြောင်း စသည့် ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံစွာ ပါရှိမည်ဖြစ်ပြီး တစ်ခန်းလျှင် အကျယ် စတုရန်းပေ ၆၅၀ ခန့်ရှိမည်ဖြစ်ပြီး အခန်း အရေအတွက် စုစုပေါင်းမှာ ၁,၈၀၀ ရှိလာမည်ဖြစ်သည်။
အခန်းများကို မြေညီ ၁၆၅ သိန်း၊ ပထမထပ် သိန်း ၁၄၀ နှင့် ကျန်အထပ် များ ၁၂၈ သိန်းဟု ရောင်းဈေးသတ် မှတ်ထားသည်။ မူလအခန်း ၁,၅၀၀ ကို ယခုလအတွင်း အရောင်းဖွင့်လှစ် ခဲ့သော်လည်း ထပ်မံဆောက်လုပ်မည့် အခန်း ၃၀၀ အတွက် အရောင်းဖွင့် လှစ်ရန် ကာလမသတ်မှတ်ရသေး ကြောင်း ဦးကိုကိုထွေးက ရှင်းပြသည်။
ငွေပေးချေမှုလုပ်ငန်းများကို ကမ္ဘောဇ ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ပြီး ၀ယ်ယူသည့် တိုက်ခန်းပမာဏ၏ သတ်မှတ်ရာခိုင် နှုန်းအလိုက် ဘဏ်မှ ချေးငွေကို တစ်လသုံးသိန်းနှုန်းဖြင့် လပေါင်း ၃၀ အတွင်း အရစ်ကျပေးချေ သွားရမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
"၀ယ်ထားတဲ့သူတွေက လက်ငင်းပေး ၀ယ်တဲ့ သူတွေရှိသလို ဆယ်ရစ်ခွဲသွင်း တဲ့သူတွေလည်းရှိတယ်၊ ဒါ့ပြင် အခု အောက်တိုဘာ လဆန်းမှာ စလုပ်မယ့် ငမန စကမခ့ျေန စနစ်နဲ့လည်း ငွေပေးချေ တာကို ဘဏ်နဲ့ချိတ်ဆက်ပြီးလုပ်သွားမယ်"ဟု ဦးကိုကိုထွေး ကပြောသည်။
မုဒိတာစီမံကိန်း(၂)တည်ဆောက်ရေး လုပ်ငန်းများကို ယခုလတွင် စတင် နေပြီး ၂၀၁၂ နှစ်လယ်ခန့်တွင် အပြီး သတ်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။
မုဒိတာစီမံကိန်း(၃)ကိုလည်း ဆက်လက် တည်ဆောက်သွားရန် ပြင်ဆင်နေသည်ဟုသိရပြီး ထိုအတွက် မြေနေရာကို အင်းစိန်၊ ရွာမအနီးပတ်ဝန်းကျင်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် အဓိကထား ရှာဖွေသွားရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

http://myanmar.mmtimes.com/2011/property/539/buss09.html မှကူးယူပါသည်

No comments:

Post a Comment