အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
ခေတ်မီတိုက်ခန်း တစ်ခန်းကို ဘဏ်၏ နှစ်ရှည်ချေးငွေဖြင့် ၀ယ်ယူပိုင်ဆိုင်နိုင်မည့် စနစ်ကို တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပုဂ္ဂလိကဘဏ် အချို့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ မုဒိတာ အမည်ရှိ အိမ်ရာ စီမံကိန်းသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းမပေါ် (သမိုင်းဘူတာရုံလမ်း အနီး) ၌ တည်ရှိပြီး မြေလေးဧက အကျယ်အ၀န်းပေါ်တွင် အထပ်ကိုးထပ်ပါ အဆောက်အဦ အဖြစ် တည်ဆောက်သွားမည် ဖြစ်ပြီး အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်သည်ဟု သိရှိရသည်။
အခန်းပုံစံ လေးမျိုး ရှိပြီး တန်ဖိုး အနေဖြင့် မြေညီထပ်နှင့် ပထမထပ်မှလွဲ၍ ကျန်အထပ်များမှ တစ်ခန်းလျှင် ငွေကျပ် ၁၂၈ သိန်း ရှိပြီး ကနဦးပေးသွင်းငွေ ၂၄ သိန်း ရှိရုံဖြင့် အခန်းတစ်ခန်း ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း၊ အခန်း တစ်ခန်း၏ အကျယ်အ၀န်းသည် ၆၅၀ မှ ၉၅၀ စတုရန်းပေကြား ရှိမည် ဖြစ်ပြီး ၀န်ဆောင်မှုများ အနေဖြင့် ဓာတ်လှေကား သုံးခု၊ PABX ဖုန်း (သို့) ဂဏန်း ၇ လုံးပါ TL 6500 Soft Switch Exchange ဖုန်းလိုင်း တစ်ခု၊ ဂြိုဟ်တုရုပ်မြင်သံကြား စနစ်တို့ ပါဝင်မည် ဖြစ်ကြောင်း ကြားသိရသည်။

အဆိုပါ အခန်းများ၏ တည်ဆောက်ချိန်သည် ရှစ်လခန့် ကြာမြင့်မည် ဖြစ်ပြီး ကနဦး ပေးသွင်းငွေ ၂၄ သိန်းနှင့် အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုပြီးသည်နှင့် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း၊ ကျန်ငွေ ၁၀၄ သိန်းကို ကမ္ဘောဇဘဏ်နှင့် အခြားဘဏ်တစ်ခုမှ ထုတ်ချေးထားမည် ဖြစ်ပြီး တစ်လလျှင် သုံးသိန်းကျပ် ဆပ်သွားရန်သာ လိုအပ်ကြောင်း၊ ငွေကျေသည်အထိ စာချုပ်ကို ဘဏ်မှ ထိန်းသိမ်းထားမည် ဖြစ်ပြီး အတိုးနှုန်းမှာ ဘဏ်အတိုးအတိုင်းသာ ဖြစ်ကြောင်း၊ ငွေအလုံးအရင်း မပေးနိုင်သူများအတွက် အထူးရည်ရွယ်သော အိမ်ရာစီမံကိန်း ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေးသွားမည် ဖြစ်ကြောင်း ကြားသိရသည်။

http://www.mmdailynews.com/viewnews.php?id=424 မှကူးယူပါသည်
No comments:
Post a Comment